Surah Al-Infitaar — The Cleaving
Surah Al-Infitaar (The Cleaving) is chapter 82 of the Quran, with 19 verses. This page presents the Arabic text with a Burmese translation, verse by verse.
إِذَا ٱلسَّمَآءُ ٱنفَطَرَتۡ
မိုးကောင်းကင်သည် (အစိတ်စိတ်အမြွှာမြွှာ) အက်ကွဲသွားစေတော်မူသောအခါ။
Ayah 1وَإِذَا ٱلۡكَوَاكِبُ ٱنتَثَرَتۡ
ထို့ပြင် ကြယ်တာရာများသည် ကစဥ့်ကလျား ကြွေကျလျက် လွင့်စဉ်ဖြန့်ကြဲစေတော်မူသောအခါ။
Ayah 2وَإِذَا ٱلۡبِحَارُ فُجِّرَتۡ
ထို့ပြင် ပင်လယ်သမုဒ္ဒရာများသည် (ယင်းတို့၏စည်းဘောင်များ ရောနှောလျက် လျှံထွက်လာ၍) ဆူပွက် ပေါက်ထွက်စေခြင်းခံရသောအခါ။
Ayah 3وَإِذَا ٱلۡقُبُورُ بُعۡثِرَتۡ
ထို့ပြင် သင်္ချိုင်များသည် (အထက်အောက်) မှောက်လှန် (၍ ယင်းတို့၌ရှိသည်တို့ကို ပွင့်အံထွက်) စေခြင်း ခံကြရသောအခါ။
Ayah 4عَلِمَتۡ نَفۡسࣱ مَّا قَدَّمَتۡ وَأَخَّرَتۡ
နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်းသည် (လောကီဘဝ၌ ယင်းကို အသုံးချလျက် ပြုမူကျင့် ကြံခြင်းဖြင့် တမလွန်၌ အစားပေးခံရရန်) ကြိုတင်ပို့နှင့်သည့်အရာများကိုလည်းကောင်း၊ နောက်တွင်ချန်ထားခဲ့သည်တို့ကိုလည်းကောင်း၊ သိလာကြလိမ့်မည်။
Ayah 5يَٰٓأَيُّهَا ٱلۡإِنسَٰنُ مَا غَرَّكَ بِرَبِّكَ ٱلۡكَرِيمِ
အို၊ လူသား၊ သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်၊ ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံတော်မူ၍ အလွန်ရက်ရောတော်မူသောအရှင်မြတ်နှင့်ပတ်သက်၍ မည်သည့်အရာ သည် သင့်အား လှည့်ဖြားနေသနည်း။
Ayah 6ٱلَّذِي خَلَقَكَ فَسَوَّىٰكَ فَعَدَلَكَ
ထိုအရှင်မြတ်သည် အသင် (လူသား) အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြီးပြည့်စုံသော အချိုးအဆဖြင့် နေထားတကျဖြစ်အောင် ပုံဖော်စေတော်မူရာ (ဖွဲ့စည်းဖြစ်တည်စေတော်မူ၏ရည်ရွယ်ချက်နှင့်အညီ ပြည့်ဝသော တိုင်းတာမှုဖြင့်) အသင့်အား မျှတလိုက်ဖက်စေတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။
Ayah 7فِيٓ أَيِّ صُورَةࣲ مَّا شَآءَ رَكَّبَكَ
အရှင့်ဆန္ဒတော်၏စည်းမျဥ်းတော်နှင့်အညီ မည်သို့သော ရုပ်ရည်ပုံသဏ္ဍာန်ဖြင့် အလိုရှိတော်မူသည်ဖြစ်စေ၊ အသင် (လူသား) အား စီစဉ်ကျနစွာ ပုံဖော်စေတော်မူ၏။
Ayah 8كَلَّا بَلۡ تُكَذِّبُونَ بِٱلدِّينِ
(ထိုသို့ လှည့်စားခံရစရာ မည်သည့်အကြောင်းမျှ) အလျှင်းမရှိပေ။ အမှန်စင်စစ်၊ သင်တို့သည် (လောကီဘဝ၌ ပြုမူကျင့်ကြံသော ကောင်းမှုနှင့်မကောင်းမှုအတွက် အစားပေးခြင်းခံရမည့်နေ့) တမလွန်တရား စီရင်မည့်နေ့ကို မဟုတ်မမှန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်နေကြခြင်းသာ ဖြစ်၏။
Ayah 9وَإِنَّ عَلَيۡكُمۡ لَحَٰفِظِينَ
ဧကန်ပင်၊ သင်တို့အပေါ်၌ (သင်တို့၏လုပ်ရပ်ဟူသမျှကို မှတ်တမ်းတင်ရန် စောင့်ကြပ်နေသောစေတမန်) စောင့်ရှောက်သူများသည် ဧကန်မလွဲ ရှိနေကြ၏။
Ayah 10كِرَامࣰ ا كَٰتِبِينَ
(ယင်းစောင့်ကြပ်နေသောစေတမန်များသည်) မွန်မြတ်သော ကျက်သရေရှိ မှတ်တမ်းတင်ရေးမှတ်သူများပင် ဖြစ်၏။
Ayah 11يَعۡلَمُونَ مَا تَفۡعَلُونَ
(ယင်းစောင့်ကြပ်နေသောစေတမန်များဖြစ်သည့်) သူတို့သည် သင်တို့ ပြုမူကျင့်ကြံသမျှတို့ကို သိကြ၏။
Ayah 12إِنَّ ٱلۡأَبۡرَارَ لَفِي نَعِيمࣲ
ဧကန်မလွဲ၊ ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံသောသူတော်မြတ်တို့သည် ထာဝရ သာယာကြည်နူးဖွယ်ရာနှင့်ပျော်မွေ့ဖွယ်ရာကောင်းသည့် သုခဥယျာဉ်၌ ရှိကြပေမည်။
Ayah 13وَإِنَّ ٱلۡفُجَّارَ لَفِي جَحِيمࣲ
သို့ရာတွင် (လူ့ဘောင်အသိုင်းအဝိုင်းအားပြိုကွဲစေ၍) လောကီစည်းစိမ်၌ အရှက်မဲ့စွာ ပျော်မြူးနေကြသော မယုံကြသူတို့သည်ကား ဧကန်မုချပင် အရှိန်ပြင်းစွာ တောက်လောင်နေသော ငရဲမီး၌ပင် ရှိကြပေမည်။
Ayah 14يَصۡلَوۡنَهَا يَوۡمَ ٱلدِّينِ
သူတို့သည် တမလွန်တရားစီရင်မည့်နေ့တွင် ယင်း (ငရဲဘုံ) ၌ လောင်ကျွမ်းစေရန် ဝင်ကြရပေမည်။
Ayah 15وَمَا هُمۡ عَنۡهَا بِغَآئِبِينَ
ထို့ပြင် သူတို့သည် ယင်း (ငရဲဘုံ) မှ ကင်းဝေးလျက် ရှောင်ပြေးနိုင်ကြမည့်သူများ ဖြစ်ကြမည် မဟုတ်ချေ။
Ayah 16وَمَآ أَدۡرَىٰكَ مَا يَوۡمُ ٱلدِّينِ
တမလွန်တရားစီရင်မည့်နေ့သည် အဘယ်ကဲ့သို့သောနေ့ဖြစ်သည် သင့်အား မည်သည့်အရာ သိစေနိုင်မည်နည်း။
Ayah 17ثُمَّ مَآ أَدۡرَىٰكَ مَا يَوۡمُ ٱلدِّينِ
တစ်ဖန် တမလွန်တရားစီရင်မည့်နေ့သည် အဘယ်ကဲ့သို့သောနေ့ဖြစ်သည် သင့်အား မည်သည့်အရာ သိစေနိုင်မည်နည်း။
Ayah 18يَوۡمَ لَا تَمۡلِكُ نَفۡسࣱ لِّنَفۡسࣲ شَيۡـࣰٔ اۖ وَٱلۡأَمۡرُ يَوۡمَئِذࣲ لِّلَّهِ
ထိုနေ့သည်ကား မည်သည့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) မျှပင် အခြားနဖ်စ်အတွက် စိုးစဉ်းမျှပင် အကျိုးပြုနိုင်သည့် အခွင့်အာဏာရှိလိမ့်မည် မဟုတ်သောနေ့ပင် ဖြစ်၏။ ထို့ပြင် ထို့နေ့တွင် အမိန့်အာဏာအလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ် (က စီရင်ဆုံးဖြတ်စေတော်မူရန်) အတွက်သာ ဖြစ်လိမ့်မည်။
Ayah 19