Surah Al-Fil — The Elephant

Surah Al-Fil (The Elephant) is chapter 105 of the Quran, with 5 verses. This page presents the Arabic text with a Burmese translation, verse by verse.

أَلَمۡ تَرَ كَيۡفَ فَعَلَ رَبُّكَ بِأَصۡحَٰبِ ٱلۡفِيلِ

(အို၊ ရစူလ်တမန်တော်) အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ဆင်များအပေါင်းအဖော် (ဆင်တပ်) နှင့်စပ်လျဉ်း၍ မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းတော်မူခဲ့သည်ကို အသင်သည် မတွေ့မြင် မဆင်ခြင် မသုံးသပ်ခဲ့လေသလော။

Ayah 1

أَلَمۡ يَجۡعَلۡ كَيۡدَهُمۡ فِي تَضۡلِيلࣲ‏

ထိုအရှင်မြတ်သည် သူတို့၏အပျက်သဘောဆောင်သောကြံစည်မှုကို လမ်းကြောင်းလွဲစေတော်မူလျက် (အချည်းနှီးဖြစ်အောင်) ပျက်ပြားစေတော်မူခဲ့သည် မဟုတ်လော။

Ayah 2

وَأَرۡسَلَ عَلَيۡهِمۡ طَيۡرًا أَبَابِيلَ

ထို့ပြင် ထိုအရှင်မြတ်သည် သူတို့အပေါ်၌ (ဒေသခံများ တခါမှ မတွေ့ဖူး မမြင်ဖူးခဲ့သော) ငှက်များကို အအုပ်အသင်းလိုက် စေလွှတ်တော်မူခဲ့သည် မဟုတ်လော။

Ayah 3

تَرۡمِيهِم بِحِجَارَةࣲ مِّن سِجِّيلࣲ‏

(ထိုငှက်များသည်) သူတို့အား (အရှင့်အမိန့်တော်အရ ကျည်ဆံပမာ) မာတောင့်သည့်ရွှံ့စေးမှ (ပြုလုပ် ထားသော) ကျောက်ခဲများ ပစ်ချ၍ ထိခိုက်စေခဲ့ကြ၏။

Ayah 4

فَجَعَلَهُمۡ كَعَصۡفࣲ مَّأۡكُولِۭ

ထိုသို့ဖြင့် ထိုအရှင်မြတ်သည် သူတို့အား ဝါးမျို၍ နင်းခြေထားသော ကောက်ရိုးဖတ်များကဲ့သို့ ဖြစ်စေ တော်မူခဲ့၏။

Ayah 5